စစ်အာဏာသိမ်းပြီးချိန်မှစကာ တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ခြောက်ကပ်နေသော မောင်းမကန်ကမ်းခြေမှာ နှစ်သစ်ကူးကာလအလွန်တွင် ခရီးသွားများဖြင့် ပြန်လည်စည်ကားလာနေသည်။
ယင်းကြောင့်မောင်းမကန်ကမ်းခြေ၏ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်နေ့ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။
ဒီဇင်ဘာလ ၁ ရက် နှစ်သစ်ကူးနေ့မှစပြီး မောင်းမကန်ကမ်းခြေနှင့် ကမ်းခြေအနီးရှိ ရေပူစမ်းသို့ လာရောက်လည်ပတ်သူ သိသိသာသာ များပြားလာနေကြောင်း ဒေသခံများကပြောသည်။
နှစ်သစ်ကူးနေ့နောက်ပိုင်း စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လာရောက်သူပိုများပြီး အခြားနေ့တွင်မူ အနည်းငယ်သာရှိသည်ဟုဆိုကြသည်။
အာဏာသိမ်းချိန်မှစကာ နာမည်ကျော်မောင်းမကန်ကမ်းခြေတည်ရှိရာ မောင်းမကန်ရဲစခန်းမှာ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ကလည်း အနီးအနားသို့ စစ်ကြောင်းထိုးနေသဖြင့် ကမ်းခြေသို့အပန်းဖြေ လာရောက်လည်ပတ်သူ မရှိခဲ့ပေ။