ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသော လမ်းအသုံးပြုခကောင်ခံသည့် ဂိတ်စခန်း(တိုးဂိတ်)ကို မနေ့ (ဒီဇင်ဘာ ၄) ညနေပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့လိုက်သည်ဟု ဒေသခံများထံမှသိရသည်။
PDF တပ်ဖွဲ့ဝင်များက ညနေ ၃ နာရီကျော်ခန့်တွင် လာရောက် မီးရှို့သွားခဲ့သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
“ကျွန်မတို့ ပြန်လာတဲ့အချိန်ဆို ဂိတ်အရှေ့ခြမ်းက တော်တော်လေးလောင်နေပြီး အရှေ့ခြမ်းမှာတော့ စာရွက်စာတမ်းတွေ ရှိလို့ထင်တယ် ပိုပြီးလောင်တာများတယ်”ဟု ၎င်းကပြောသည်။
အဆိုပါတိုးဂိတ်ကို မီးရှို့ ခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက်ကာ ထွက်ခွာသွားကြသည်ဟုဆိုသည်။
သို့သော်ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မီးရှို့ခံရမှုကြောင့် ဂိတ်စခန်းများ မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ဂိတ်ဝန်ထမ်းများ လမ်းကြေးလာရောက်ကောက်ခံသည်ကို မတွေ့ရတော့ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ဇီးကျရွာအရှေ့ဘက်တွင်ရှိသော ထားဝယ်အကျဥ်း ထောင်သစ်၏ ကနဦး တည်ဆောက်ရေး လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်မီးရှို့ သွားခဲ့သေးသည်။
ထိုနောက် တစ်ရက်အကြာ ၌ ယင်းကျေးရွာ၌ရှိသော လမ်းအသုံးပြုခကောက်ခံသည့်ဂိတ် ထပ်မံ မီးရှိုခံရခြင်းဖြစ်သည်။