BREAKING
November 5, 2024

ကျောက်မဲဆရာတော် ထားဝယ်တွင် ယနေ့ တရားဟောမည်

November 5, 2024

ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရသည် ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် တရားဟောမည်ဖြစ်ကြောင်း ထားဝယ်မြို့ မြိုမယဉ်ငေးဆရာတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

ဆရာတော်သည် တရားတော်ကို ယနေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁နာရီတွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ ရိပ်သာ၏ ဓမ္မာရုံပေါ်၌ ဟောကြားသွားမည်ဖြစ်ကြောင်း မြို့မယာဉ်ငေးဆရာတော်က အသိပေးထားသည်။

ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရသည် ယခုလက်ရှိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောက်လျက် ရှိသည်။

ဆရာတော်၏ ဩဝါဒတရားတော်ကို တပည့်တကာများ လာရောက်နာယူကြရန်လည်း မြို့မယဉ်ငေးဆရာတော်နှင့် ထားဝယ်ဗုဒ္ဓတက္ကသိုလ်၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ယမန့်နေ့ကစပြီး နှိုးဆော်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်တွင်တည်ထားသည့် မာရဝိဇယ ရုပ်ပွားတော်အနေကဇာတင် အခမ်းအနားတွင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟု ဘုရားအဆူဆူတို့ဟောကြားခဲ့သည့် တရားတော်ကိုအနှစ်ချုပ်ပြီး ကျောက်မဲဆရာတော် ဟောကြားခဲ့သည့် တရားတော်မှာ လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြသည်။