BREAKING
January 18, 2025

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ အတိုက်အခံ လေဘာပါတီ အနိုင်ရ

July 5, 2024

ဗြိတိန်မှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့​တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီက အနိုင်ရရှိသွားပြီဖြစ်ပါတယ်။

မဲပေးမှုအရ ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ၄၁၀ ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်တဲ့ ဗြိတိန်အစိုးရသက်တမ်း အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။

အတိုက်အခံပါတီအနိုင်ရရှိခဲ့လို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။

လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်သွားပြီးနောက် Rishi Sunak က ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာမည့် လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်က အကြီးမားဆုံး ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: CNBC