BREAKING
February 24, 2025

One Championship မှာ ဝင်ကစားဖို့အတွက် ဘရာဇီးဂျူဂျစ်ဆု ပညာရပ်ကို စတင်သင်ကြားနေသူ ဗရော်နီကာ

July 5, 2023

ကယန်းကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား လက်ရှိမွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ ဟာ One Championship ပြိုင်ပွဲမှာ ပါဝင်ကစားဖို့အတွက် ဘရာဇီးဂျူဂျစ်ဆု ပညာရပ်ကို စတင်သင်ကြားနေပြီလို့ သိရှိရပါတယ်။

ဗရော်နီကာရဲ့ရည်မှန်းချက်က One Championship မှာ ထိုးသတ်ခွင့်ရရှိနိုင်ရေးဖြစ်သလို နိုင်ပွဲဆက်နေတဲ့ လက်ရှိအခြေအနေတွေအရ One Championship ကို ပါဝင်ထိုးသတ်ခွင့်ရဖို့လည်း ဗရော်နီကာအတွက် နီးစပ်မှုရှိနေပါတယ်။

ဒါပေမဲ့ ဗရော်နီကာ ဟာ Thai Fight အဖွဲ့အစည်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးလို့ အဲ့ဒီစာချုပ် သက်တမ်းကုန်ဆုံးမှပဲ One Championship ဘက်ကို ကူးပြောင်းနိုင်ပါလိမ့်မယ်။

Thai Fight အဖွဲ့အစည်းနဲ့ ဗရော်နီကာ တို့ရဲ့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က သက်တမ်း တစ်နှစ် ကျန်နေပါသေးတယ်။