BREAKING
March 6, 2025

ဂျိုးဘိုင်ဒန်ကြောင့် ကြက်ဥဈေးတက်ခြင်းဖြစ်ဟု ထရမ့်က မိန့်ခွန်းတွင်ထည့်ပြော

March 5, 2025

အမေရိကန်ပြည်ထောင်စုတွင် ကြက်ဥဈေး မြင့်တက်မှုမှာ သမ္မတဟောင်းဂျိုးဘိုင်ဒန်ကြောင့် ဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ ကွန်ဂရက်လွှတ်တော်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။

သမ္မတဟောင်းဂျိုးဘိုင်ဒန်အစိုးရလက်ထက်တွင် အမေရိကန်စီးပွားရေး ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်လာခဲ့သည်ဟု ထရမ့်က ဆိုသည်။

“ဂျိုးဘိုင်ဒန်က ကြက်ဥဈေးတွေကို ထိန်းမရ သိမ်းမရဖြစ်အောင် လုပ်ထားခဲ့တယ်။ ကြက်ဥဈေးပြန်ကျလာအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် အမေရိကန်အစိုးရက သန်းနှင့် ချီသည့် မွေးမြူရေးကြက်များကို ရွေးချယ်သုတ်သင်ပစ်ခဲ့သည်။

သမ္မတထရမ့်တက်လာပြီးအချိန်အထိ ကြက်ဥဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်လတွင် အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ယင်းမှာ ၂၀၂၂ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် များစွာလျော့ကျသွားသည်။

လူနေထိုင်မှုစရိတ် သက်သာချောင်ချိရေးအတွက် ထရမ့်အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုကို အမေရိကန်ပြည်သူသုံးပုံတစ်ပုံက သဘောကျသည်ဟု အင်္ဂါနေ့က ရိုက်တာသတင်းဌာနှင့် ပူးတွဲကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုက ဆိုသည်။

Source: BBC / photo – AP