BREAKING
March 5, 2025

ထရမ့်ကို ဆန္ဒပြသည့် ဒီမိုကရက်အမတ်၏ ‘ပုံမှန်မဟုတ်ဘူး’ ဆိုသော စာရွက် ဆုတ်ဖြဲခံရ

March 5, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကွန်ဂရက်လွှတ်တော်အတွင်း မိန့်ခွန်းမပြောမီ နယူးမက္ကဆီကိုပြည်နယ်မှ ဒီမိုကရက်လွှတ်တော်အမတ်တစ်ဦးက စာရွက်တစ်ခု ကိုင်ဆောင်ကာ သမ္မတထရမ့်အား ဆန့်ကျင်ဆန္ဒပြခဲ့သည်။

ကွန်ဂရက်လွှတ်တော်အတွင်းသို့ သမ္မတထရမ့် လမ်းလျှောက်ဝင်လာပြီး ရီပတ်ဘလင်ကန် အမတ်များကို နှုတ်ဆက်နေစဉ် နယူးမက္ကဆီကိုပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် Melanie Stansbury က ယင်းသို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံတွင်ပါရှိသကဲ့သို့ ၎င်းကို ထရမ့်ဘေးတွင် အတူတွေ့လိုက်ရပြီး ၎င်း၏ လက်ထဲတွင် “ပုံမှန်မဟုတ်ဘူး” ဟု အဓိပ္ပါယ်ရသည့် “This is not normal.” စာသားကို လက်ရေးဖြင့် ရေးသားကာ ထရမ့်အား ဆန့်ကျင်ဆန္ဒပြနေသည်ကို တွေ့ခဲ့ရသည်။

၎င်းဘေးမှ ထရမ့် လမ်းလျှောက်ထွက်ခွာသွားပြီးနောက်တွင် တက္ကဆက်ပြည်နယ် ရီပတ်ဘလင်ကန်အမတ်တစ်ဦးက ၎င်းကိုင်ဆောင်ထားသည့် စာပြားကို လုယူကာ ဆုတ်ဖြဲပစ်လိုက်သည်။

ယင်းသို့ပင် ထရမ့်မိန့်ခွန်းပြောနေစဉ်အတွင်း တက္ကဆက်ပြည်နယ် ဒီမိုကရက်အမတ် Al Green က ထရမ့်၏ မိန့်ခွန်းကို ကြားဖြတ်ဝေဖန်ကန့်ကွက်မှုလည်း ဖြစ်ပွားခဲ့သည်။

ကွန်ဂရက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က ယင်းဒီမိုကရက်အမတ်အား လွှတ်တော်အတွင်းမှ ခေါ်ထုတ်သွားရန် လက်နက်ကိုင်လုံခြုံရေးအစောင့်များအား အမိန့်ပေးခဲ့သည်။

Source: The Hill