Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ငါးထောင်နီးပါးလျှောက်လွှာတင်ထားကြတဲ့အကြောင်း
- ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က သိန်ခွန်းရွာ ထိတွေ့ပစ်ခတ်မှုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့တဲ့အခြေအနေ
- ဒေါနတပ်ရင်းက ရဲဘော်တစ်ဦး ထောက်ပို့ထီ ဒုတိယဆုကံထူးသွားတာ
- စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ပေါင်မြို့နယ်က မီးသတ်ဦးစီးမှူးနဲ့ ထွေအုပ်ဒုဦးစီးမှူး ပြန်လွတ်လာတဲ့အကြောင်း
- ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပုံနဲ့ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူ ထုတ်ဝေမယ့် ဥပဒေကြမ်း လွှတ်တော်ကိုတင်သွင်းလိုက်တာ
- ထိုင်းတောင်ပိုင်းက မြန်မာပစ္စည်းအရောင်းဆိုင်ကို အာဏာပိုင်များ ဝင်ဖမ်းဆီးခဲ့တဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။