ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်သိမ်းပိုက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က မည်သူမျှထင်မှတ်မထားသည့် အဆိုပြုချက်တစ်ရပ်ကို အင်္ဂါနေ့က ပြုလုပ်လိုက်သည်။
ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးရန် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသည့် အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကို လက်ခံတွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အဆိုပြုလိုက်ခြင်း ဖြစ်သည်။
စစ်ပွဲဒဏ် အပြင်းအထန်ခံစားထားရသည့် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးများ ထွက်ခွာပြီး အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့တွင် ပြောင်းရွှေ့နေထိုင်ကြရန်လည်း ထရမ့်က ထပ်မံတိုက်တွန်းခဲ့သည်။
ယင်းနှစ်နိုင်ငံစလုံးနှင့် ပါလက်စတိုင်းလူမျိုးများကပါ ထရမ့်၏ အဆိုပါတိုက်တွန်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပြီး ဖြစ်သော်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
Source : AFP/dy