ရှင်ကိုးရှင် စာရင်းဝင် ကလိန်အောင်မြို့ ဆံတော်ရှင်(ရှင်ဆံတော်) တောင်ပေါ်ရဲ့ မနက် ၈ နာရီခွဲဝန်းကျင် တိမ်ပင်လယ်မြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။
ကိုဗစ်မတိုင်မီကာလက ဆောင်းရာသီ မနက်ခင်းတွေမှာ ကလိန်အောင်မြို့အနီးတစ်ဝိုက်က မြို့ခံတွေနဲ့ ထားဝယ်ဒေသခံက ဘုရားဖူးတွေ တိမ်ပင်လယ်ကြည့်ရင်း နေဆာလှုံကြဖို့ ဆံတော်ရှင် ဘုရားတောင်ပေါ်ကို အဖွဲ့လိုက် လာရောက်လည်ပတ်လေ့ရှိကြပါတယ်။








ကိုဗစ်ကပ်ဘေးအလွန် ပဋိပက္ခအကျပ်အတည်းကာလမှာ ပွင့်လင်းရာသီဖြစ်ပေမယ့်လည်း မြို့ခံအနည်းစုသာ တိမ်ပင်လယ်ရှုခင်းကို လာရောက်ကြည့်ရှုခံစားကြတယ်လို့ ဘုရားစျေးသည်တွေက ပြောပါတယ်။
နေ့ကြီးရက်ကြီးတွေမှာတော့ ရပ်ဝေးဧည့်သည်မရှိပေမယ့် ဒေသခံဘုရားဖူးတွေကြောင့် စည်ကားလေ့ရှိပါတယ်။
ကလိန်အောင်ဆံတော်ရှင်စေတီကို ထားဝယ်မြို့ကနေ မြောက်ဘက် ၄၇ မိုင်အကွာ ကလိန်အောင်မြို့ ၊ ကလိန်အောင်ချောင်းတစ်ဘက်ကမ်းက တောင်ပေါ်မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။