ထားဝယ်ဈေးကွက်၏ ဇန်နဝါရီလဆန်း စျေးနှုန်းများအရ ကြက်သွန်နီ၊ကြက်သွန်ဖြူဈေးကျပြီး ငရုတ် ဈေးမြင့်တက်နေသည်။
ယခင်အပတ် ဒီဇင်ဘာ ၂၈ ရက်နေ့က ကြက်သွန်နီမြစ်သား တစ်ပိဿာ ၅၅၀၀ ကျပ်မှ ဇန်နဝါရီ ၄ ရက်နေ့တွင် ၅၀၀၀ ကျပ်၊ကြက်သွန်ဖြူ ထူး၄ တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ ယနေ့ ၁၆၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ယနေ့ ၁၇၅၀၀ ကျပ်သို့ ဈေးအနည်းငယ်ကျသွား သည်ကိုတွေ့ရသည်။
တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာ ကျပ် ၅၀၀၊ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၅၀၀ အသီးသီးဈေးကျသွားခြင်းဖြစ်သည်။
သို့သော ငရုတ်ပုခြောက်ဈေးမှာ တစ်ပတ်အတွင်း တစ်ပိဿာ ကျပ် ၂၀၀၀အထိ ဈေးမြင့်သွားသည်။
ယခင်အပတ်ဖြစ်သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ငရုတ်ပု ခြောက်တစ်ပိဿာ ၂၂၀၀၀ကျပ်မှ ယနေ့ ၂၄၀၀၀ကျပ်သို့ ဈေးမြင့်တက်သွားသည်ကိုတွေ့ရသည်။
အသားနှင့် ဆန် ၊ဆီ ဈေးကွက်မှာမူ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။