လောက်ကိုင်တွင် နောက်ဆုံးကျန်ရှိသည့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီ တပ်သားများ လက်နက်ချထွက်ခွာပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးကို ကိုးကန့်တပ် MNDAA က သိမ်းယူနိုင်ပြီဆိုနိုင်သည်။
လောက်ကိုင် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီတပ်တို့သည် ကိုးကန့်တပ်နှင့် ကြိုတင် ညှိနှိုင်းကာ ဇန်နဝါရီလ ၄ရက်တွင် လက်နက်ချခြင်းဖြစ်ဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လားရှိုးဘက်သို့ MNDAA ၏ စီစဉ်မှုဖြင့် ပြန်လည်ပေးပို့ နေကြောင်း ဆိုသည်။




စစ်ကောင်စီတပ် လက်နက်ချ ထွက်ခွာသည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
စစ်ကောင်စီတပ်သားအားလုံး ဆုတ်ခွာပြီဖြစ်သဖြင့် ကိုးကန့်ဒေသတွင် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရှောက်ချိန်၏ အမာခံ နေရာ အနည်းငယ်ကလွဲပြီး နေရာအားလုံးကို ကိုးကန့်နှင့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ရွှေဖီမြေ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကိုးကန့်ဒေသတွင် ကွတ်ခိုင်ခရိုင်၊ မူပန် (သိန္နီ) ခရိုင်၏ နေရာအများစုနှင့် မုံးကိုးခရိုင်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် လောက်ကိုင် ဒကစနှင့် နန်ထင်းမိန်တောင်တို့မှ လွှဲ၍ ကျန်နေရာများကို သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။