BREAKING
December 5, 2024

ထားဝယ်နှင့် သရက်ချောင်းအကြားရှိ တိုးဂိတ် ဖျက်ဆီးခံရ

December 4, 2024

ပုံစာ - ကနိုင်းဒါရွာက တိုးဂိတ်အား မြင်တွေ့ရစဥ် ။(ပုံဟောင်း)

ထားဝယ်မြို့ နှင့် သရက်ချောင်းမြို့အကြား ကနိုင်းဒါရွာက တိုးဂိတ် ဒီဇင်ဘာလ ၃ ရက်ညက ဖျက်ဆီးခံရကြောင်း လမ်းသွားလမ်းလာများနှင့် ရွာခံများထံကသိရသည် ။

ယင်းတိုးဂိတ်မှာ ပြည်ထောင်စုလမ်းမပေါ်ရှိ ထားဝယ်မြို့နယ်၊ ကနိုင်းဒါရွာနှင့် ရှင်မုတ္ထီးရွာအကြားတွင် တည်ရှိသည့် မြို့ဝင်ကြေးကောက်သည့် ဂိတ်ဖြစ်သည်။

တိုးဂိတ် အဆောက်အအုံရှိ မှန်တံခါးပေါက်များ ရိုက်ခွဲခံထားရပြီး တိုးဂိတ်အနီး ကွင်းပြင်ရှိ တဲအိမ်ငယ်အချို့လည်း မီးလောင်ထားသည်ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ခဲ့ရသည်ဟု ကနိုင်းဒါရွာသားတစ်ဦးက ပြောသည် ။

အဆိုပါ တိုးဂိတ်ကို မည်သည့် အဖွဲ့အစည်းက လာရောက်ဖျက်ဆီးသွားသည်ကို ယနေ့ ညနေပိုင်းအထိ အတည်မပြုနိုင်သေးပေ။

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက်အစောပိုင်းတွင်မူ ပေါက်တိုင်းတံတား(စစ်ကောင်စီ စစ်ဆေးရေးဂိတ်) ဘက်တွင် သေနတ်ဖောက်သံ အနည်းငယ်ကြားရပြီးနောက် နံနက်ပိုင်း ပေါက်တိုင်းတံတား ဂိတ်ဖွင့်ချိန်မှစ၍ ပုံမှန်အတိုင်း သွားလာနေကြသည်ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည် ။