BREAKING
January 22, 2025

မြန်မာ့ကျွန်းသစ်အသုံးပြု၍ နယ်သာလန်ကုမ္ပဏီကို ယူရိုတစ်သိန်းခွဲဒဏ်တပ်

December 4, 2024

တရားမဝင် မြန်မာကျွန်းသစ်အသုံးပြုကာ ရွက်လှေတည်ဆောက်မှုဖြင့် နယ်သာလန်ကုမ္ပဏီတစ်ခုကို ဥရောပသမဂ္ဂသစ်သားထိန်းချုပ်မှု စည်းမျဉ်း(EUTR) ချိုးဖောက်မှုဖြင့် ယူရိုတစ်သိန်းခွဲ ဒဏ်ငွေချမှတ်လိုက်သည်။​

Oceanco ရွက်လှေကုမ္ပဏီသည် ဒေါ်လာသန်းငါးရာတန်ကြေးရှိ ဇိမ်ခံရွက်လှေ Koru ကို တည်ဆောက်ရာတွင် တရားမဝင် မြန်မာကျွန်းသစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်၍ Dutch Public Prosecution Service ကယင်းသို့ အရေးယူလိုက်ခြင်းဖြစ်သည်။​

Koru ဇိမ်ခံရွက်လှေသည် လက်ရှိကမ္ဘာပေါ်တွင် အကြီးဆုံးဇိမ်ခံရွက်လှေ ဖြစ်ပြီး ယင်းရွက်လှေကို Amazon ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ၊​ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Jeff Bezos က ပိုင်ဆိုင်သည်။ ယင်းသည် ကမ္ဘာပေါ်တွင် တည်ဆောက်ဖူးသမျှ ဈေးအကြီးဆုံး ဇိမ်ခံရွက်လှေဖြစ်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာပြည်မှ ကျွန်းသစ်များကို သွေးစွန်းနေသည့် ကျွန်းသစ်များဟု သဘာ၀ပတ်ဝန်းကျင်ရေးရာ စုံစမ်းရေး အဖွဲ့ EIA က အမည်တပ်ထားသည်။