ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အဝင် အုန်းသီးပုံဆိုင်းဘုတ်တွင် People Power ပြည်သူ့အာဏာ လက်သီးဆုပ် သင်္ကေတများကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်က ရေးဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
စစ်အာဏာရှင်စနစ်လက်အာက်က လွတ်မြောက်ရေးအတွက် ပြည်သူလူထု ပိုင်ဆိုင်သည့် နိုင်ငံရေးအာဏာကို တည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြရန် အသိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထားဝယ်ခရိုင် (DDMSC) ထံမှ သိရသည်။









