BREAKING
September 19, 2024

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

November 4, 2020

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။

ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဖြစ်သည်။

Stay at home သတ်မှတ်ထားသည့် မြို့နယ်နှင့် လူဦးရေ ထူထပ်သည့်မြို့နယ်တို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်တို့က နေအိမ်တွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကျန်မြို့ နယ်များရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကော်မရှင်ထံသို့ ကိုယ်တိုင်သွားရောက် ကြိုတင် မဲပေးရမည်ဖြစ်သည်။

အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ ကိုယ်တိုင်သွားရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်ထံ သတင်းပို့ပြီး နေအိမ်တွင် ကြိုတင်မဲပေးနိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးစေခြင်းအားဖြင့် မဲပေးသည့်နေ့တွင် မဲရုံ၌ လူထူထပ်သည့် အနေအထား ကျဆင်းသွားနိုင်သည့်အတွက် ကူးစက်ရောဂါကာကွယ်ရာ လည်းရောက်သည် ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ပြောသည်။