BREAKING
January 22, 2025

ဆန်ဆီဈေးငြိမ်ပြီး ငရုတ်ဈေးထပ်ကျသွားသည့် ထားဝယ်ဈေးကွက်

October 4, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ဆန်နှင့် ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းအချို့ ဈေးငြိမ်နေပြီး ငရုတ်သီးမှာ ဈေးထပ်ကျသွားသည်။

ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ငရုတ်သီး ရွှေအပ်ခြောက်ဈေးနှုန်းမှာမူ နှစ်ပတ်ဆက်တိုက် ဈေးကျနေသည်။

စက်တင်ဘာလ ၂၀ရက်နေ့က ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာဈေးမှာ ၁၆၅၀၀ ကျပ်ခန့်ရှိရာ စက်တင်ဘာ ၂၇ ရက်နေ့ တွင် ၁၆၀၀၀ကျပ်၊ ယနေ့ ၁၅၅၀၀ ကျပ်သို့ ဈေးကျသွာသည်။

နှစ်ပတ်အတွင်း ငရုတ်သီးခြောက်တစ်ပိဿာလျှင် တစ်ထောင်ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ကြက်သွန်နီ (မြစ်သား) ဈေးမှာလည်း တစ်ပတ်အတွင်း တစ်ပိဿာလျှင် တစ်ရာကျပ် ဈေးကျသွားသည်။

ယခင်အပတ်က ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၃၄၀၀ ကျပ်မှ ယနေ့ ၃၃၀၀ ကျပ် ဖြစ်သွားသည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည် ပုစွန်ဈေးနှုန်းမှာ တစ်ပိဿာ လေးသောင်း ကျပ် အထိ နှစ်ပတ်ဆက်တိုက်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။