BREAKING
October 18, 2024

တနင်္သာရီတိုင်း ကိုဗစ်လူနာသစ် ၄၅ ဦးတွင် သံဃာ ၄၀ ပါဝင်

October 4, 2020

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးအနက် ၄၀ ဦးမှာ သံယာတော်များဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယင်းအပြင် ကျန်းမာရေးဝန်ထမ်းတစ်ဦးလည်း ပါဝင်သည်။

၎င်းတို့မှာ ပုလောမြို့နယ်မှ ဖြစ်ပြီး သံဃာတော်များမှာ ရန်ကုန်မြို့မှ ကြွရောက်လာခဲ့ကြသူများဖြစ်ကြောင်း အထက်ပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ပြောသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ လူနာသစ်ဦးရေ ထပ်တိုးမှုမှာ အဆိုပါ ၄၁ ဦးအပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လူနာသစ် သုံးဦး၊ သရက်ချောင်းမြို့နယ်တွင် တစ်ဦး၊ စုစုပေါင်း ၄၅ ဦးဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများ၏ အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် စာရင်းပြုစုနေဆဲဖြစ်ကြောင်း ဒေါက်တာ ဥက္ကာက ပြောသည်။

လက်ရှိအချိန်အထိ တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၈၂ ဦးအထိ ရှိလာပြီဖြစ်သည်။

Dawei Watch