BREAKING
October 18, 2024

တနင်္သာရီတိုင်းတွင် ကိုဗစ်လူနာ ၄၂ ဦးရှိ

October 4, 2020

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ဆေးကုသမှုခံယူနေသူ ၂၅ ဦးရှိပြီး ထားဝယ်ဆေးရုံကြီးတွင် ၁၀ ဦး၊ မြိတ်ဆေးရုံကြီးတွင် ခြောက်ဦး၊ ပုလောမြို့နယ်ဆေးရုံတွင် ကိုးဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကျန် ၁၇ ဦးမှာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ပြီး လက်ရှိ ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိဆေးကုသမှုခံယူနေသူများတွင် လေးလသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး စာသင်သားကိုရင်နှင့် ရဟန်းတော် ခုနစ်ပါးလည်းပါဝင်သည်။

Dawei Watch