BREAKING
September 16, 2024

အသက်ဘေးမကျရောက်ဖို့ ကြိုတင်ကာကွယ်ရမယ့် ဝမ်းပျက်ဝမ်းလျှော

September 4, 2024

ဝမ်းပျက်ဝမ်းလျှောရောဂါက အလွယ်တကူ ကူးစက်တတ်ပြီး အစုအလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တဲ့အတွက် ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ဘေးအသွင် ဖြစ်ပွားတတ်တဲ့အတွက် မြန်မာနိုင်ငံလို ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုင်းပြည်တစ်ခုမှာ ကူးစက်ဖြစ်ပွားရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှပါတယ်။

ဒီရောဂါဆိုးမျိုး မဖြစ်ပွားဖို့ အကောင်းဆုံးနည်းက ကြိုတင်ကာကွယ် တာပါပဲ။ ဒါကြောင့် ကြောက်စရာ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒီရောဂါကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို တင်ဆက်ပေးလိုက်ပါတယ်။