ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိသူရဲ့ တံတွေးဂလင်းမှာ ခိုအောင်းလေ့ရှိပါတယ်။ နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှတစ်ဆင့် ထွက်လာတဲ့ တံတွေးအစက်အမှုန်တွေမှာ ရောဂါပိုးအမြောက်အမြား ပါဝင်နိုင်ပါတယ်။
သုတေသနစစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူ့ရဲ့ တံတွေးသလိပ်မှာ ဗိုင်းရပ်စ်ပါဝင်မှု ၉၁.၇ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။
ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ
ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်တဲ့ တံတွေးအစက်အမှုန်များဟာ အနီးကပ်ထိတွေ့သူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကနေတဆင့် တိုက်ရိုက် ဝင်ရောက်တာ၊ တံတွေးအစက်အမှုန်တွေ တင်ကျန်နေတဲ့ မျက်နှာပြင်၊ အရာဝတ္ထုတွေကို ကိုင်တွယ်မိတဲ့ လက်နဲ့ ကိုယ့်ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်တာကြောင့်လည်း ကိုရိုနာဗိုင်းစ်ရပ်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။
၂၀၁၄ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသား လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဟာ ကွမ်းစားတယ်လို့ သိရပါတယ်။ အများစုက အမျိုးသားတွေပါ။
ကွမ်းစားသူတွေအနေနဲ့ ကိုယ့်မှာ ကိုဗစ်ကပ် ရောဂါရှိတယ်ဆိုရင် ကိုယ့်ရဲ့ ကွမ်းတံတွေးမှာ ဗိုင်းရပ်စ်ပိုး မြောက်မြားစွာ ပါဝင်နိုင်တာကြောင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမိရင် အခြားသူတွေကို ရောဂါကူးစက်ပျံ့နှံမှု ပိုဖြစ်ပွားစေနိုင်ပါတယ်။
ဒါ့အပြင် ရောဂါပိုးပါဝင်တဲ့ ကွမ်းတံတွေးမှာ တင်ကျန်နေတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်မိတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ကိုင်တွယ်မိပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။
ကွမ်းယာစားသူများသူတွေအနနဲ့လည်း ကွမ်းယာသူ/ကိုင်တွယ်သူရဲ့ မသန့်ရှင်းတဲ့ လက်ကနေ တစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။
ဒါကြောင့် ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချနိုင်ဖို့ ကွမ်းသမားတွေ စည်းကမ်းမဲ့ တံတွေး သလိပ်ထွေးတာကို လုံးဝရှောင်ကြဉ်ဖို့ လိုပါတယ်။ အထူးသဖြင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ပိုအရေးကြီးပါတယ်။ ဒါက လိုက်နာရမယ့် လူ့ကျင့်ဝတ်လည်း ဖြစ်ပါတယ်။
ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန