ကော့သောင်းမြို့တွင် တရားခံပြေးထံမှ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
ကော့သောင်းမြို့မရဲစခန်းတွင် ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ထားသည့်အမှုမှ တရားခံပြေးဖြစ်သည့် အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားအား ဇူလိုင် လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရာမှ မူးယစ်ဆေး ဖမ်းမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့
အေးမြကန်သာရပ်ကွက်ရှိ တန်းလျားတွင် အဆိုပါတရားခံပြေးရောက်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ထိုသို့ဝင်ရှာရာ တရားခံပြေးကို ဖမ်းမိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်အား ရှာဖွေရာ ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီအတွင်း WY စိတ်ကြွဆေး ၁၇၂ ပြားနှင့် ICE မူးယစ်ဆေး ဝ ဒဿမ ၁ ဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖမ်းမိသည့် တရားခံပြေးကို စစ်ဆေးရာ အဆိုပါမူးယစ်ဆေးများကို ရွှေဇင်ယော်ရပ်ကွက်နေ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့မရဲစခန်းတွင် သက်ဆိုင်ရာမူးစိတ်ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။