သရက်ချောင်းမြို့နယ်က သံဃာတော်များဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းကို ယနေ့ (ဇူလိုင် ၄) နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ပြီး ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကံဆောင်သပိတ်မှောက်ပွဲကို ထားဝယ်ခရိုင် သပိတ်ကော်မတီအပါအဝင် ဒေသတွင်းရှိ ကရင်လူငယ်များနှင့် ဒေသခံများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့်ပျံလွန်တော်မူခဲ့သည့်အတွက် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။









