တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲတွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆိုထားပါတယ်။
ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြိုနယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။
တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။
တော်လှန်ရေးအားကောင်းလာလို စစ်ရေးတွေ ပိုမိုပြင်းထန်လာဖိုရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆိုမှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။





