BREAKING
September 8, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်၊ ဒဏ်ရာရသူများကြောင်း ကနဦးသိရ

June 4, 2024

ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း တွင် ယနေ့(ဇွန် ၄) နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။

နေလယ်ပိုင်းထမင်းစား လွှတ်ပြီးနောက် ကျောင်း ပြန်မတက်မီအချိန်တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများလည်း ထိခိုက်မှုရှိသည်ဟု သိရကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။

” မနက် ကျောင်းဆင်းချိန် နဲ့ နေ့လယ်ကျောင်းတက်ချိန်ကြားမှာဖြစ်တာ” ဟု ၎င်းကပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီ အချိန် ‌Dawei Watch ၏ ဆက်သွယ်မေးမြန်းချက်အရ ကျောင်းသားများ ထိခိုက်မှုများပြီး အရေးပေါ်ကားများလည်း အခေါက်ပေါင်းများစွာ လူနာလာသယ်နေကြကြောင်း ဒေသခံကပြောသည်။

အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။