မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကျွန်တော်တို့တွေဟာ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံကြရပါတယ်။
မီဒီယာတွေက လူထုအယူအဆ ထင်မြင်ချက်တွေကို ထင်ဟပ်စေတာ၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးစေတာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေကို ဖြန့်ဝေတာ စသဖြင့် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
ဒါကြောင့် မီဒီယာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ရှိဖို့အရေးကြီးလှပါတယ်။




