BREAKING
December 25, 2024

၀န်ထမ်း ၄၀ဝ၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

February 4, 2021

မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ဝ၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးများ မြန်မာ နိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက်နေ့က ရောက် ရှိလာခဲ့ပြီး အစိုးရက တိုင်းနှင့် ပြည် နယ်များသို့ ဖြန့်ဝေပေးခဲ့ရာ ပထမဦးစား ပေးအနေနှင့် ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်ထိုးနှံ ပေးခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးနေသည့် အခြေအနေသာ သိရှိထားပြီး မွန်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှရမည်ကို မသိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး (စီမံ၊ ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောသည်။

“ဆေးရရှိတဲ့အပေါ် မူတည်ပြီးတော့ ဦးစားပေး အုပ်စုအလိုက် တက်သွားမှာပေါ့။ အဲဒီလိုမျိုးလေးတော့ ရှိတယ်၊ လောလောဆယ် ကျန်းမာရေးဝန်ထမ်းလောက်ပဲ သေချာသိတယ်။ ကျန်တဲ့ သူတွေအတွက်ကတော့ သေချာမသိသေးဘူး” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။

ကာကွယ်ဆေး ရရှိမှုအပေါ်မူတည် ပြီး ကျန်ရှိနေသူများကို ဦးစားပေးအုပ်စု အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဟု လည်း ၎င်းက ဆက်ပြောသည်။

ကာကွယ်ဆေးထိုးရမည့် ဒုတိယ ဦးစားပေးအုပ်စုဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၂၉ နှင့် ၃၀ ရက်နေ့တို့တွင် ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ဆောင်ရွက်မည် ဖြစ်သည်။