စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းလွတ်မြောက်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဖွယ်ရှိကြောင်း သတင်းများထွက်နေပြီး မည်မျှပါမည်ကိုမူ မသိရသေးပေ။














လတ်တလောရရှိသည့် သတင်းအရ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူ ၃ ဦးသာ ပါသေးကြောင်း သိရသည်။
ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ရသူများကို ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။
ပုံစာ – လွတ်ငြိမ်းဖြင့်လွတ်လာသူများကို ထားဝယ်ထောင်ရှေ့တွင် ယနေ့ နေ့လယ်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ – CJ