ထားဝယ်အကျဉ်းထောင်က လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများ ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၁နာရီဝန်းကျင်က လွတ်မြောက်လာသည်ကို တွေ့ရခြင်းဖြစ်သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးရာ တနင်္သာရီတိုင်းက ၂၅၃ ဦးပါဝင်နေသည်။
ယနေ့ လွတ်မြောက်မည့်သူများတွင် ထားဝယ်အကျဉ်းထောင်က ၉၀ ဦး၊ မြိတ်က ၈၂ ဦး၊ ကော့သောင်းက ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းက ၂၂ ဦး၊ ကျောက်ဖြူတောင်နှင့် အခြားရဲဘက်စခန်းတစ်ခုက ၂၆ ဦး ပါဝင်နေသည်။
ထားဝယ်ထောင်က လွတ်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၃၄ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးပါဝင်ကြောင်း ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။














