BREAKING
January 22, 2025

တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေးကြေညာ

December 3, 2024

တောင်ကိုရီးယားနိုင်ငံတွင် ယနေ့အင်္ဂါနေ့၌ သမ္မတက နိုင်ငံအား အရေးပေါ်အခြေအနေ သတ်မှတ်ပြီး စစ်အုပ်ချုပ်ရေး ပြဌာန်းလိုက်သည်။

မြောက်ကိုရီးယား ထောက်ခံစာနာသည် ဆိုသော အတိုက်အခံပါတီက ပါလီမန်ကို ထိန်းချုပ်လျက်ရှိသည်။ ထိုနောက်တွင်မှ သမ္မတ Yoon Suk Yeol က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ နိုင်ငံ၏ အခြေခံဥပဒေကို ကာကွယ်ရန် အင်မတန်အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်သည်ဟု သမ္မတက ဆိုသည်။

Lee Jae-myung ဦးဆောင်သည့် အတိုက်အခံဒီမိုကရက်တစ်ပါတီက ပါလီမန်အနေဖြင့် သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

အာဏာရပြည်သူ့ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Han Dong-hoon ကလည်း သမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုကို မှားယွင်းကြောင်း ပြောဆိုခဲ့ပြီး ယင်းကို တားဆီးရန် ကတိပြုကြောင်း တောင်ကိုရီးယားသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

သမ္မတ၏ အဆိုပါလုပ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီအပေါ် မည်သို့အကျိုးသက်ရောက်လာမည်မှာ မရှင်းလင်းသေးပေ။