ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ရှောပင်းစင်တာတွင် ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ပစ်ခတ်သံ လေးချက် ကြားရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
သေနတ်သမားမှာ အသက် ၁၄နှစ်အရွယ်သာရှိသေးပြီး ၎င်းကို ရှောပင်းစင်တာအထဲတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းများတွင် ဖော်ပြသည်။





ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စင်တာအတွင်းမှ လူအများ ပြေးထွက်လာခဲ့ပြီး ရှောပင်းစင်တာနှင့် Siam ဘူတာကိုလည်း ပိတ်ချထားခဲ့သည်။
ပစ်ခတ်မှုအခြေအနေနှင့် သေနတ်သမား၏ အသေးစိတ်အချက်အလက်များအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းများက ဆိုသည်။
Ref: Khaosod English, Thai Enquirer, Thai PBS