ထားဝယ်မြို့ရှိ လူသိများထင်ရှားသော စရီး-မာရီးယမ္မာန် (ခေါ် )မမဘုရားပွဲ ၈ ရက်မြောက်နေ့ မြင်ကွင်းများကို ဖော်ပြလိုက်သည်။
အဆိုပါ ဘုရားပွဲကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
ထားဝယ်ဒေသအတွင်း ပွင့်လင်းရာသီအစတွင် အစောဆုံး ကျင်းပလေ့ရှိသည့် မမဘုရားပွဲတော်သည် ယခင်နှစ်များက ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာ အပူဇော်ခံ လှည့်လည်လေ့ရှိသည်။
မြို့အတွင်း လှည့်လည်အပူဇော်မခံမီ ညများတွင်လည်း ဇာတ်ပွဲ၊ ပွဲဈေးများဖြင့် စည်ကားနေလေ့ရှိသည်။
သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစကာ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြို့အတွင်း မလှည့်လည်တော့ဘဲ ဘုရားကျောင်းအတွင်း၌သာ အကျဉ်းရုံးပြီး အပူဇော်ခံတော့သည်။













