လောင်းလုံးမြို့နယ်၊ပန်းဒလဲရွာတွင် အသက် ၈၀ ကျော်အရွယ် အဘွား ဒေါ်နှင်းညွန့် ပျောက်ဆုံးနေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
ဒေါ်နှင်းညွန့်သည် ပန်ဒလဲရွာ၊ရွာလယ်ဈေးအနီးရှိ နေအိမ်မှ ဩဂုတ်လ ၁ ရက် နေ့ ညနေ ၄ နာရီကစပြီး ပျောက်သွားခြင်းဖြစ်ကြောင်း မြေးဖြစ်သူကပြောသည်။
“ကျွန်မနဲ့ကြက်သွန်အခွံနွှာနေတာ ကွမ်းတစ်ယာယာပြီး သားဖြစ်သူအိမ်ဘက်ထွက်သွားတာ၊ အဲဒီကတည်းက ပြန်မလာတော့ဘူး”ဟု ၎င်းကရှင်းပြသည်။
အဘွားဒေါ်နှင်းညွန့် ပျောက်ဆုံးနေချိန်ကစပြီး လူအင်အားအမြောက်အများဖြင့် ချောင်း၊တောစပ်၊တောင်ခြေ၊လယ်ကွင်းနှင့် ပန်းဒလဲ ကျေးရွာ ဝန်းကျင် နေရာအနှံ့ လိုက်လံရှာဖွေနေသော်လည်း ယနေ့ နံနက်အထိ ပြန်မတွေ့သေးကြောင်း ၎င်းကဆိုသည်။
ပျောက်ဆုံးနေသည့်အဘွား ဒေါ်နှင်းညွန့် ဆိုသည်မှာ ကျန်းမားရေးကောင်းမွန်ပြီး သွားလာနိုင်သူဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။