ထားဝယ်ဈေးကွက်တွင် ဆန်ဈေးဆက်တိုက်တက်နေသည်ကို တွေ့ရသည်။
ဧပြီလ ၁၉ ရက်က အကယ်ဒမီ အစိမ်းရောင်တံဆိပ် ဆန်အမျိုးအစား တစ်အိတ်လျှင် ၁၅၁၀၀၀ကျပ်သာ ဈေးရှိရာမှ ဧပြီ ၂၆ ရက်တွင် ၁၅၂၀၀၀ကျပ်၊ ယနေ့ မေလ ၃ရက်တွင် ၁၅၃၀၀၀ကျပ်သို့ ဈေးတက်သွားသည်။
ဆန်တစ်အိတ် တစ်ပတ် ကျပ် ၁၀၀၀နှုန်းထားဖြင့် နှစ်ပတ်ဆက်တိုက် ဈေးတက်နေခြင်းဖြစ်သည်။
ယင်းအပြင် အကယ်ဒမီ အနီရောင် တံဆိပ် ဆန်အမျိုးစားမှာလည်း ဧပြီလ ၁၉ ရက်က ဆန်တစ်အိတ်ဈေးနှုန်းမှာ ၁၃၈၀၀၀ကျပ်သာ ဈေးရှိရာမှ ဧပြီ ၂၆ ရက်တွင် ၁၄၀၅၀၀ကျပ်၊ ယနေ့ ၁၄၆၀၀၀ကျပ်သို့ ဈေးနှုန်းမြင့်တက်သွားသည်။
နှစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၈၀၀၀ကျပ် ဈေးမြင့်တက်သွားခြင်းဖြစ်သည်။
ရွှေဘိုပေါ်ဆန်း ဆန် အောင်သီဟ တံဆိပ် ဆန်အမျိုးအစားမှာ တစ်အိတ်လျှင် ၁၉၈၀၀၀ကျပ်ဖြင့် ဇယားပါအတိုင်း ဈေးငြိမ်နေသည်။
ကြက်သွန်ဈေးနှုန်းများတွင် ကြက်သွန်နီ ရိုးရိုးတစ်ပိဿာ ၃၀၀၀ကျပ်၊ မြစ်သားကြက်သွန်နီ တစ်ပိဿာ ၃၈၀၀ကျပ်ဖြင့် ဧပြီ လ ၁၉ ရက်နေ့ကစပြီး အတက်ဈေးဖြင့် သုံးပတ်ဆက်တိုက် ဈေးငြိမ်နေသည်။
ကြက်သွန်ဖြူ ဈေးနှုန်းများမှာလည်း ထူးလေး /ထူးငါး တစ်ပိဿာ ၉၅၀၀ကျပ်ဖြင့် ဧပြီလ ၁၉ ရက်နေ့ကတည်းကစပြီး သုံးပတ်ဆက် အကျဈေးဖြင့် ဈေးငြိမ်နေသည်။
သို့သော် တရုတ်ကြက်သွန်ခေါ် ကြူကုတ် ကြက်သွန်တစ်ပိဿာ ဈေးနှုန်းမှာ ဧပြီလ ၁၉ ရက်က တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ်အထိ ဈေးတက်သွားသည်။
နှစ်ပတ်အတွင်း ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၂၅၀၀ကျပ် ဈေးတက်သွားသည်ကို တွေ့ရသည်။

