ဒီညမှာတော့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ အားပြိုင်ရမယ့်ပွဲစဉ် ရှိလို့နေပါတယ်။ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာတာကြောင့် အသင်းအားလုံးဟာ ပွဲပန်းမှုဒဏ်ကို ခံစားနေကြရမှာပါ။
မန်စီးတီးဟာ ချန်ပီယံပြေးလမ်းထက်မှာ ရပ်တည်နေဆဲဖြစ်သလို လက်ကျန်ပွဲတွေကို အတိမ်းအစောင်း မဖြစ်ရလေအောင်ကစားနိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။
အက်စတွန်ဗီလာကလည်း ကစားအားမြင့်တက်နေလို့ မန်စီးတီးအတွက် ပွဲကျပ်ဖြစ်လာမှာပါ။ ဒီညမှာ မန်စီးတီး နိုင်ပွဲရလေမလားဆိုတာကို စောင့်ကြည့်ကြရပါတော့မယ်။