ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပိတ်ထားသဖြင့် ခရီးသည်များနှင့် ကားများ ညအိပ်ကာ စောင့်ဆိုင်းကြရသည်။
ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ်အတွင်းရှိ ကလော့ကြီးရွာတွင် လက်နက်ကြီးသံများ ထွက်ပေါ်ပြီးနောက် နံနက် ၁၁ နာရီကစ၍ ဂိတ်ပိတ်ချလိုက်သဖြင့် လမ်းပိတ်မိခဲ့ကြကြောင်း ခရီးသည်များက ပြောသည်။








ထို့ကြောင့် ညအိပ်ညနေ စောင့်ဆိုင်းရပြီး နောက်တစ်ရက် ဧပြီလ ၃ရက် နံနက်ပိုင်းမှသာ ကားများကို ဖြတ်သန်း သွားလာခွင့်ပြုကြောင်း ၎င်းတို့က ဆိုသည်။
ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌ပင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ လမ်းပိုင်းစစ်ဆေးမှု ရှိလာသဖြင့် မလွှဲတောင် စစ်ကောင်စီဂိတ်က ဂိတ်ပိတ်ကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်မှုများကို လုပ်ဆောင်လာခဲ့သည်။
တစ်နေ့လုံးနီးပါး ဂိတ်ပိတ်ထားမှုရှိခဲ့သဖြင့် လမ်းပိုင်းအခြေအနေကို ယခင်ကကဲ့သို့ ပုံမှန်ခန့်မှန်း၍ မရတော့ချေ။