မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတွေထူထပ်များပြားတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အကျဉ်းထောင်တွေမှာဆိုရင် လက်ဆေးခြင်း၊ ဂျင်းပြုတ်ရည်သောက်ခြင်းတွေနဲ့ Covid19 ရောဂါကို ကာကွယ် နေကြပါတယ်။ အဲဒါတွေက တကယ့်တကယ်မှာ အကာကွယ်ပေးရဲ့လား။ အကျဉ်းထောင်တွေမှာလူအစုလိုက်အပြုံလိုက် မဖြစ်ပွားစေဖို့အတွက် နောက်ထပ် ဘာတွေ ကာကွယ်ဖို့ လိုအပ်သလဲ။လူတချို့ကတော့ အကျဉ်းထောင်အတွင်းလူဦးရေထူထပ်မှုကိုလျော့ချဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ဒီတစ်ပတ်မှာတော့ Covid19ကအကျဉ်းသားတွေအတွက် သူတို့ကျခံနေရတဲ့ အပြစ်ဒဏ်အပြင် ထပ်တိုးအပြစ်ဒဏ်သဖွယ် ဖြစ်လာနိုင်မလားဆိုတာကို ဒို့အသံက ရှာဖွေတင်ဆက်ထားပါတယ်။