တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေး သည် ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
ဦးညိုအေးသည် တနင်္သာရီတိုင်း ဟိုတယ်/ခရီးတွင် ညွှန်ကြားရေးမှူးအဖြစ် လေးနှစ်နီးပါး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇန်နဝါရီလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် သွားရောက်တာဝန်ထမ်းဆောင် မည်ဖြစ်သည်။
ဦးညိုအေး၏ နေရာတွင် ရခိုင်ပြည်နယ် ဟိုတယ်/ခရီးဌာနမှ ညွှန်ကြားရေးမှူးက ပြောင်းရွှေ့ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။