အာဖရိက၊ ဂီနီနိုင်ငံမှ ဘောလုံးပွဲစဉ်တစ်ခုတွင် ရန်ဖြစ်ပြီး လူအုပ်ပိမှုကြောင့် ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြနေသည်။
တနင်္ဂနွေနေ့က ဘောလုံးပွဲစဉ်အတွင်း ဒိုင်လူကြီး၏ အငြင်းပွားစရာ ပင်နယ်တီဆုံးဖြတ်ချက်ကြောင့် ပရိသတ်များက ကွင်းအတွင်း ကျောက်တုံးကျောက်ခဲများဖြင့် စတင်ပစ်ပေါက်ခဲ့သည်။
ယင်းနောက် ဒေါသထွက်နေသည့် ပွဲကြည့်စင်ပေါ်မှ လူအုပ်ကြီးက ကွင်းအတွင်းသို့ စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ မျက်ရည်ဗုံးဖြင့် လူစုခွဲမှုကြောင့် အလုအယက်တိုးဝှေ့ထွက်ပြေးကြရာမှ လူအုပ်ပိမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
သေဆုံးသူများတွင် ကလေးသူငယ်များလည်း ပါဝင်သည်။
ဆန္ဒပြသူများက ရဲစခန်းတစ်ခုကို မီးရှို့နေသည့် ဗီဒီယိုဖိုင်များလည်း ပေါ်ထွက်လာနေသည်။
သေဆုံးမှုကိန်းဂဏန်းအတိအကျ မထွက်ရှိလာသေးသော်လည်း ရင်ခွဲရုံများတွင် လူသေအလောင်းများနှင့် ပြည့်လျှံနေသည်ဟု သတင်းများက ဖော်ပြနေကြသည်။
Source – France 24