BREAKING
January 22, 2025

နှလုံးရောဂါရှိ အမျိုးသားများက အမျိုးသမီးများထက် ဦးနှောက်ကျန်းမာရေး ထိခိုက်နိုင်မှုပိုစော

December 2, 2024

နှလုံးရောဂါအန္တရာယ်ရှိသည့် အမျိုးသားများက အလားတူ အန္တရာယ်ရှိအမျိုးသမီးများထက် ပိုစောစီးစွာ ဦးနှောက်ကျန်းမာရေး ယိုယွင်းပျက်စီးနိုင်ကြောင်း တွေ့ရှိချက်အသစ်တစ်ခုက ဖော်ပြနေသည်။

နှလုံးရောဂါအန္တရာယ်ရှိ အမျိုးသားများမှာ အသက် ၅၀ ကျော်ချိန်မှစ၍ ဦးနှောက်လုပ်ဆောင်ချက် စတင်ကျဆင်းလာနိုင်သည်။

အလားတူ အမျိုးသမီးများတွင်မူ အသက် ၆၀ နောက်ပိုင်းမှသာ ဦးနှောက်အလုပ်လုပ်ပုံ ကျဆင်းလာနိုင်သည်ဟု ဖော်ပြထားသည်။

အသက် ၅၅ နှစ်မတိုင်ခင်ကတည်းက နှလုံးရောဂါဖြစ်စေနိုင်မည့်အချက်များကို ရှောင်ရှားနေထိုင်ခြင်းသည် ဦးနှောက်ဆဲလ်ပျက်စီးမှုကို ကာကွယ်တားဆီးရာတွင် အင်မတန်အရေးပါကြောင်း သုတေသီများက အကြံပြုထားသည်။​

Source – Geo News