BREAKING
January 22, 2025

ကလေးထိန်းလာကြသည့် အရှေ့အာရှမှ အိမ်ထောင်ရှင် အမျိုးသားများ

December 2, 2024

အရှေ့အာရှဒေသ နိုင်ငံများတွင် ပြီးခဲ့သည့် နှစ်များအတွင်း အိမ်ထောင်ရှင် အမျိုးသားများက အိမ်မှုကိစ္စနှင့် ကလေးပြုစုစောင့်ရှောက်သည့်တာဝန် ပိုယူလာကြသည်ဟု စစ်တမ်းများက ဖော်ပြသည်။

၂၀၂၃ ခုနှစ်က ဂျပန်နိုင်ငံတွင် အိမ်ထောင်ရှင်အမျိုးသား ၃၀ ရာခိုင်နှုန်းက ကလေးမီးဖွားခွင့်ယူခဲ့ကြသည်။

ယင်းမှာလွန်ခဲ့သည့် ဆယ်နှစ်ကထက် ၂ ရာခိုင်နှုန်း ပိုမြင့်တက်လာခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ ကလေးမီးဖွားခွင့်ယူခဲ့ကြသည့် အိမ်ထောင်ရှင်အမျိုးသားမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။

၂၀၁၆ ခုနှစ်၌ တစ်ရာခိုင်နှုန်းအောက်မှာသာ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

အရှေ့အာရှနိုင်ငံများတွင် လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးအရေအတွက်မှာလည်း မြင့်တက်လာနေသည်။

၂၀၂၂ ခုနှစ်က အသက် ၂၅ နှစ်နှင့် ၃၉ နှစ်အကြား ဂျပန်အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။

ထိုင်ဝမ်နိုင်ငံတွင် အမျိုးသားနှင့် အမျိုးသမီးအကြား လုပ်ခလစာကွာဟချက်မှာ ၁၅ ရာခိုင်နှုန်းမှာသာ ရှိသည်။

ယင်းသို့ တိုးတက်မှုများ ရှိနေသော်လည်း ယင်းနိုင်ငံများတွင် ကလေးမွေးဖွာမှုနှုန်းမှာ ကျဆင်းလျက်ရှိမြဲ ဖြစ်သည်။​

Source – The Economist