BREAKING
January 12, 2025

အိမ်ရှေ့ ပြင် လော့ဒေါင်းဧရိယာအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၄၀ နီးပါး ရှိလာ

November 2, 2020

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် လော့ဒေါင်းချထားသည့် ဧရိယာအတွင်းမှ လူ ၃၇ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါရပ်ကွက်ရှိ အဝေးပြေး ကားဝင်းတစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များနှင့် နှင်းဆီလမ်းကို အောက်တိုဘာလ ၁၄ ရက် နေ့ ညနေပိုင်းက လော့ဒေါင်းချထားခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် နေ့အထိစာရင်းဖြစ်သည်။

လော့ဒေါင်းချထားသည့် ဧရိယာများအနက် နှင်းဆီလမ်းတွင် ပိုးတွေ့လူနာအသစ် မထွက်တော့သည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လော့ဒေါင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ဆိုသည်။

ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး

ထိုကြောင့် အဝေးပြေးကားဝင်း တစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များကိုသာ လော့ဒေါင်းအဖြစ်ဆက်လက်သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

အဆိုပါဧရိယာတွင်လည်း အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ကာ လူနာ အသစ်မထွက်တော့ဘဲ လူနာနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများတွင်သာ ပိုးမတွေ့တော့ကြောင်း ဒေါက်တာဥက္ကာက ဆိုသည်။

လက်ရှိလော့ဒေါင်းသတ်မှတ်ထား ဆဲဖြစ်သည့် ဧရိယာအတွင်း လူဦးရေ ၃၇၀ ဦးရှိကြောင်း အထက်ပါရပ်ကွက် အုပ်ချုပ်ရေးမှူး၏ စာရင်းအရ သိရသည်။

ထားဝယ်ခရိုင်တွင် အောက်တိုဘာ လ ၂၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၈၉ ဦးရှိပြီဖြစ်သည်။