BREAKING
October 18, 2024

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး ဘတ် ၆ သန်း ထီပေါက်

September 2, 2024

ပုံစာ - MHAC မဟာမိတ်အဖွဲ့

စက်တင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာဇနီးမောင်နှံနှစ်ဦးမှာ ထီ ၁၀ စောင်ထိုးခဲ့ပြီး တစ်စောင်က ဘတ် ၆ သန်းပေါက်သဖြင့် ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမား အဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

အဖွဲ့ကနေတစ်ဆင့် ယနေ့ (စက်တင်ဘာ ၂) ဆုငွေအပြီးထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

“မနေ့က ထီထွက်ပြီးတာနဲ့ အဖွဲ့ကို ဆက်သွယ်လာတယ်ပေါ့နော်။ ဒီနေ့ပဲ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လုံခြုံရေးကိုပါ တာဝန်ယူပြီး ရုံးအဖွဲ့က ဆုငွေကို နေ့ချင်းပြီး ထုတ်ယူပေးခဲ့ပါတယ်” ဟု အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဆိုသည်။

အဆိုပါဇနီးမောင်နှံနှစ်ဦးသည် မန္တလေးတိုင်း မြင်းခြံဇာတိဖြစ်ပြီး ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၅၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၁ ရက်နေ့ကလည်း ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် မြန်မာနိုင်ငံသား မောင်နှမနှစ်ဦး ဘတ် ၁၂ သန်း ထီပေါက်ခဲ့ကြသေးသည်။