တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတွင် ရေကြီးရေလျှံနေသည့် အခြေအနေအား ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းက တွေ့မြင်ရသည့် မြင်ကွင်းများ ဖြစ်သည်။
စံချိန်တင် မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ မနေ့က စတင်ကာ ပြန်ကျလာပြီး လက်ရှိတွင် ၂၇ ပေ ဝန်းကျင်ရှိနေသည်။
ဇူလိုင်လ ၃၁ ရက်ကမူ မြစ်ရေမှာ ၃၁ ပေကျော်အထိ မြင့်တက်ခဲ့သည်။ လက်ရှိတွင် ရေပြန်ကျနေပြီဆိုသော်လည်း တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက်တွင်ရှိနေဆဲဖြစ်သည်။