Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
– ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေ
– ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီတပ်က ရွာလူထုအသုံးပြုတဲ့ လမ်းပေါ်အထိ မိုင်းထောင်လာတဲ့သတင်း
– ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကို စစ်ကောင်စီဖမ်းဆီးခဲ့တဲ့အကြောင်း
– ထားဝယ်ဒေသရှိ စစ်ဘေးရှောင်တွေအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းလုပ်နေတဲ့အခြေအနေ
– ဧရာဝတီ၊ ရိုးမ၊ ယူအေဘီအပါအဝင် ဘဏ်၇ခုက တာဝန်ရှိသူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီကြေညာတဲ့အကြောင်း
– ရွေးကောက်ပွဲတုန်းက ရခိုင်မှာ အများဆုံးအနိုင်ရတဲ့ ANP ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတဲ့အကြောင်း အပါအဝင်
– မွန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်အထိ ရှိလာတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။