BREAKING
January 10, 2025

ငရုပ်သီးခြောက်နှင့် ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်

June 2, 2023

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ငရုပ်သီးခြောက် ဈေးထပ်တက်လာပြီး စားအုန်းဆီ၊ ငါးနှင့် ပုစွန်ဈေးတို့ ကျဆင်းလာသည်။

မေလ ၁၉ ရက်မှ ဇွန်လ ၂ရက်နေ့အထိ နှစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်ထောင်ခန့်ဈေးတက်လာသည်ကို တွေ့ရသည်။

မေလ ၁၉ ရက်က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ခြောက်တစ်ပိဿာ ၁၃၅၀ဝကျပ်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ၁၄၅၀ဝကျပ်၊ ဇွန်လ ၂ ရက်နေ့တွင် တစ်ပိဿာ ၁၅၅၀ဝကျပ် ဖြစ်သွားသည်။

ငရုတ်သီးခြောက်ဈေးတက်သော်လည်း စားအုန်းဆီဈေးမှာ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။

ယခင်အပတ်က စားအုန်းဆီ ၁၀ ပိဿာဝင် ပုံးဝါတစ်ပုံးကို ၆၆၅၀ဝကျပ်မှ ယခုအပတ်တွင် တစ်ပုံးကို ၆၆၀၀ဝကျပ်ဖြစ်လာသဖြင့် တစ်ပုံးကို ၅၀ဝကျပ် ဈေးကျလာသည်။

ဆန်ဈေးမှာမူ နှစ်ပတ်ဆက်တိုက်ဈေးတက်နေပြီး မေလ ၁၉ ရက်က အကယ်ဒမီ ဆန်ကြမ်းတစ်အိတ်ကို ၈၀၀၀ဝကျပ်ခန့်ဈေးရှိရာမှ မေလ ၂၆ ရက်တွင် ၈၃၅၀၀ ဖြစ်သွားပြီး ယခုဇွန်လ ၂ ရက်တွင် တစ်အိတ်ကို ၈၄၅၀ဝကျပ် ဖြစ်လာခဲ့သည်။

ထို့ကြောင့်‌ ထားဝယ်ဈေးကွက်တွင် အကယ်ဒမီဆန်ကြမ်းဈေးမှာ နှစ်ပတ်အတွင်း ၂၄ ပြည်တစ်အိတ်ကို ၄၅၀ဝကျပ် ဈေးတက်လာသည်ကို တွေ့ရသည်။

ဆန်ဈေးတက်သော်လည်း ငါးနှင့် ပုစွန်မှာမူ ဈေးကျလာသည်ကို တွေ့ရသည်။

ယခင်အပတ်က ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၂၆၀၀ဝကျပ်မှ ယခုအပတ်တွင် ၂၀၀၀ဝကျပ်သို့ ဖြစ်လာသည်။

ထို့အတူ ပုစွန်ဈေးနှုန်းမှာလည်း ယခင်အပတ်က တစ်ပိဿာ ၂၇၀၀ဝကျပ်ဈေးရှိရာ ဇွန်လ ၂ ရက် ယနေ့တွင် တစ်ပိဿာ ၂၂၀၀ဝကျပ်သို့ ဈေးကျသွားသည်ကို တွေ့ရသည်။

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၆၀၀ဝကျပ်ခန့် ဈေးကျသွားပြီး ပုစွန်ချောကြီး တစ်ပိဿာ ၅၀၀ဝကျပ်ခန့် ဈေးကျဆင်းနေသည်ကို တွေ့ရသည်။