BREAKING
March 3, 2025

အမေရိကတွင် အီလွန်မတ်၏ ‘တက်စ်လာကုမ္ပဏီကို ဖြိုခွင်းရေးလှုပ်ရှားမှု’ အရှိန်မြင့်တက်

March 2, 2025

အမေရိကန်နိုင်ငံတစ်လွှားရှိ အီလွန်မတ်ပိုင် တက်စ်လာကုမ္ပဏီ၏ ကားအရောင်းပြခန်း ၅၀ ကျော် အရှေ့တွင် အီလွန်မတ်ကို ဆန့်ကျင်ဆန္ဒပြပွဲများ စနေနေ့က ဖြစ်ပွားခဲ့သည်။

အီလွန်မတ် ဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) က အမေရိကန်အစိုးရဌာနများကို လျှော့ချဖြတ်တောက်နေမှုကြောင့် ယင်းသို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“တက်စ်လာကုမ္ပဏီကို ဖြိုခွင်းရေး” ဟု အဓိပ္ပါယ်ရသည့် “Tesla Takedown” လှုပ်ရှားမှုအနေဖြင့် ယင်းဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပေါ်ပေါက်လာခဲ့သည့် “Tesla Takedown” လှုပ်ရှားမှုသည် အမေရိကန်ပြည်သူများက တက်စ်လာကုမ္ပဏီကို သပိတ်မှောက်ဆန့်ကျင်ကြရန် ဆော်ဩတိုက်တွန်းသည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး ယင်းလှုပ်ရှားမှုမှာ နိုင်ငံတကာတွင်လည်း အရှိန်ရလာနေသည်။

ယမန်နေ့ သောကြာနေ့က စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် တက်စ်လာကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ယခုသီတင်းအပတ် မကုန်ဆုံးမီ လန်ဒန် ၊ လစ္စဘွန်း ၊ ရေးခ်ယာဗီးခ် စသည့် ဥရောပမြို့ကြီးများတွင် တက်စ်လာကုမ္ပဏီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်။

Source: CNN