BREAKING
January 22, 2025

စားသောက်ကုန် အများစုစျေးတက်နေသည့် ထားဝယ်ဈေးကွက်

December 1, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်ဖြူနှင့်ငရုတ်ခြောက် ဈေးနှုန်းများမြင့်တက်နေသည်။

ယခင်အပတ်က ကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၁၅၅၀၀ ကျပ်မှ ယနေ့ ၁၆၀၀၀၊ ထူး ၅ တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ ယနေ့ ၁၇၀၀၀ ကျပ်၊ရွှေအပ်ခြောက်တစ်ပိဿာ ၁၅၅၀၀ ကျပ်မှ ယနေ့ ၁၇၀၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး ၄ တစ်ပိဿာ ၅၀၀ ကျပ်၊ထူး ၅ တစ်ပိဿာ ၅၀၀ ကျပ်နှင့် ရွှေအပ်ခြောက် တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးတက်သွားသည်။

သို့သော်ကြက်သွန်ဖြူ(ကျူကုတ်) နှင့် အာလူးမှာဈေးပြန်ကျလာသည်။

ယခင်အပတ်က ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာ ၂၀၀၀၀ ကျပ်မှ ယနေ့ ၁၉၅၀၀ ကျပ်၊အားလူးတစ်ပိဿာ ၈၅၀၀ ကျပ်မှယနေ့ ၇၇၀၀ ကျပ်ဖြစ်သွားသည်။

တစ်ပတ်အတွင်းကျူကုတ်ကြက်သွန်နီ တစ်ပိဿာ ၅၀၀ ကျပ်၊အာလူးတစ်ပိဿာ ၈၀၀ ကျပ် ဈေးပြန်ကျသွားခြင်းဖြစ်သည်။

‌ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ၄၅၀၀ကျပ်ဖြင့် ဇယားပါဈေးကွက်ဈေးနှုန်းအတိုင်း နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။

ယခင်အပတ်က အကယ်ဒမီ ရက် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၈၀၀၀ ကျပ်မှ ယနေ့ ၁၁၀၀၀ ကျပ်ဖြစ်သွားသည်။

တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ် လျှင် ကျပ် ၂၀၀၀ ဈေးတက်သွားခြင်း ဖြစ်သည်။