BREAKING
January 12, 2025

ဘန်ကောက်အနီး မူလတန်းကျောင်းကား မီးလောင်မှု သေဆုံးသူများပြား

October 1, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မူလတန်းကျောင်းသားအများစု လိုက်ပါလာသော ကျောင်းလေ့လာရေးကားတစ်စီး ယနေ့ နေ့လယ်ပိုင်းတွင် မီးလောင်ခဲ့ရာ သေဆုံးသူအရေအတွက် များပြားနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ ရန်စစ်နယ်မြေတွင် ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မီးလောင်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် KG ကလေးများအပါအဝင် မူလတန်း ကျောင်းသား ၃၈ ဦးနှင့် ဆရာ ၆ ဦး စုစုပေါင်း ၄၀ ကျော် လိုက်ပါလာကြပြီး ဥထိုင်းဌာနီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး ထွက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန် ကားပေါ်မှ ၁၉ ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အချို့ကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကားပေါ်ပါလာသော ကျန် ၂၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့၏ အခြေအနေ၊ သေဆုံးမှု စာရင်းများကို တိတိကျကျမရနိုင်သေးကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။

လက်ရှိတွင် ကားပေါ်၌ မီးလောင်သေဆုံးသူများ၏ အလောင်းများကို တွေ့ရှိထားပြီး ကားထိုင်ခုံမှတ်တမ်းများနှင့် တိုက်စစ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကျောင်းက လေ့လာရေးခရီးကို ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့အနက် တစ်စီးက မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကားသည် ဘရိတ်ပေါက်ပြီးနောက် တုံးများဖြင့် ပွတ်တိုက်မိရာမှ မီးထလောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက ကနဦး ကောက်ချက်ချထားသည်။

ကားမီးလောင်မှုကြောင့် ထိုင်းဝန်ကြီးချုပ် ဖေထုတ်တန် ရှင်နာဝပ်က ဝမ်းနည်းကြောင်း ဆိုထားပြီး မီးလောင်နေရာသို့ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် ရောက်ရှိလာပြီး စစ်ဆေးနေဆဲဖြစ်သည်။

Ref: Khaosod English, Thai Enquirer, Thai P