ထိုင်းနိုင်ငံသို့ ပြည်တော်ပြန်လာသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မူလထောင်ဒဏ် ၈ နှစ်မှ ထောင်ဒဏ် ၁ နှစ်သို့ ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ကြောင်း ကြေညာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးမှုကို တော်ဝင်ပြန်တမ်းက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
တော်ဝင်ပြန်တမ်းအရ သက်ဆင်သည် ၁၀ ရက်ကျခံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
သက်ဆင်သည် အသက် ၇၀ ကျော်နေပြီဖြစ်သဖြင့် တော်ဝင်လွတ်ငြိမ်းခွင့်ရရှိရန် တင်သွင်းခဲ့ပြီး နောက်တစ်နေ့တွင်ပင် ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။
တော်ဝင်ပြန်တမ်းအရ သက်ဆင်၏ တော်ဝင်အဖွဲ့အစည်းအပေါ်လေးစားလိုက်နာမှု၊ အမှားဝန်ခံမှု၊ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေများ အားလုံးအပေါ်အခြေခံ၍ စဉ်းစားဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်တော်ပြန်လာခဲ့ပြီးနောက် တရားရုံးက အကျင့်ပျက်ချစားမှုနှင့် သက်ဆိုင်သော အမှုသုံးမှုအတွက် ထောင်ဒဏ် ၈ နှစ် ချက်ချင်းချမှတ်ခဲ့သည်။
အမှုများတွင် မြန်မာနိုင်ငံသို့ ချေးငွေ ဘတ် ၄ ဘီလီယံခွင့်ပြုရာ၌ အာဏာအလွဲသုံးစားမှုများ ပါဝင်နေသည်။
တိုက်တိုက်ဆိုင်ဆိုင် သက်ဆင်ပြည်တော်ပြန်သောနေ့တွင် ထိုင်းဝန်ကြီးချုပ်ကို လွှတ်တော်အတွင်း မဲပေးရွေးချယ်ခဲ့ပြီး သမီးဖြစ်သူ Pheu Thai ပါတီ၏ ညွန့်ပေါင်းအဖွဲ့က တင်သွင်းခဲ့သော အိမ်ခြံမြေသူဌေး စေထာ ထဝီဆင်က ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
Ref: Khaosod English, Thai Enquirer, The Nation Thailand